August-27-08
posted by ဒေါက်တာ ဂျူနီယာ
ကျနော် ဘလော့ဂ်အတွက် theme ရွေးနေတာ တော်တော်ကြာပြီ။ အဆင်မပြေလှဘူး။ ကိုယ်တိုင်က ကုဒ်ဒင်း ဘာမှ မတတ်တော့ အလကား ရတာ လိုက်ရှာ ၊ တင်ကြည့် အဆင်မပြေတာ များတယ်။ ဒီတစ်ခုကတော့ မဆိုးဘူး။ လှလဲလှ ၊ အဆင်လည်း ပြေတယ်။
Web 2.0 style လေးနဲ့၊ စာမျက်နှာ အောက်ရောက်သွားရင် အပေါ်ကိုတက်ဖို့လည်း TOP ဆိုတာပါတယ်။ ဘေးက widgets တွေကလည်း အကုန်ရတယ်ဆိုတော့ လောလောဆယ် ဒီ theme ကိုပဲ သုံးလိုက်တော့မယ်။ မင်္ဂလာပါ။
August-20-08
posted by ဒေါက်တာ ဂျူနီယာ
ဘလော့ဂ် ကို စတင် ထိတွေ့ခြင်းက ဒီ စက်တင်ဘာ ဆို နှစ်နှစ်ပြည့်တော့မည် ဖြစ်သည်။ ရသမျှ အချိန်လေးနဲ့ ကိုယ်ပိုင် စာမျက်နှာလေးက လာလည်သူတွေကို ကျေနပ်စေခဲ့သည်ဆိုလျှင် ကျနော် ပီတိဖြစ်မိသည်။ ဘာမှ မဟုတ်လောက်ပါဘူး ဆိုရင်တော့ ကျနော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါမည်။
ကျနော် ဘလော့ဂ်ရေးခြင်းများထဲမှ တစိတ်တပိုင်းက ကျန်းမာရေး အသိအမြင်များကို ဖလှယ်လိုခြင်း ဖြစ်သည်။ ဂျူနီယာ စတင်ခဲ့ရာ blogspot ပိတ်ထားခဲ့သည်မှာ တစ်နှစ်ပြည့်ရန် လပိုင်းသာလိုတော့သည်။ အလွယ်တကူ ကြည့်ခွင့်ရမှ ကျနော် ဝေမျှမှုကို လူတိုင်း ဖတ်နိုင်ပေမည်။ ဒါကြောင့် ဘလော့ဂ်အိမ်ပြောင်းရန် စဉ်းစားကြည့်သည်။ blogger သုံးနေသမျှ ကွန်မန့်ပေးတာ၊ ပို့စ်တင်တာ ဒါတွေက မကျော်ပဲ မရ။ ယခု ကျော်ရနေဦးတော့ ဘယ်တော့ အပိတ်ခံရမလဲ မသိ။ ထို့ကြောင့် wordpress ကို ခြေဦးလှည့်မိသည်။
လုပ်ချင်တာတွေ များသည်။ လုပ်သင့်တာ ဦးစားပေးလုပ်ရမည်။ ယခုလောလောဆယ်တော့ ကုန်ကြမ်း ရှာဖွေရေးနှင့် အချိန်ဝေမျှရေးသာ အဓိက လုပ်နေသည်။
ကိုသင်္ကြန်၊ ရာမည ဖိုးလပြည့်၊ deziner folio၊ ကိုမှော်ဆရာ တို့ကို မြင်ဆရာ အဖြစ် ဦးညွတ်ပါကြောင်း။